ဝက်သား ကုန်းဘောင်ကြီးကြော်

 
လိုအပ်တဲ့ပစ္စည်းတွေက (လူ ၂ယောက်စာခန့်)



ဝက်သား အသားချည်း ၂၅၀ ဂရမ်ခန့် (လက်မ၀က်ပတ်လည်ခန့် အတုံးသေးလေးတွေ တုံးပြီး ကြက်သားမှုန့်နဲနယ်ထားပါ)
ကြက်သွန်နီ တစ်လုံး(လက်မ၀က်ပတ်လည်ခန့် လှီးပြီး အဖတ်လေးတွေ ခွါထားပါ)
ဂျင်း လက်၂ဆစ်ခန့် (ပါးပါးလှီးထားပါ)
ငရုပ်သီးခြောက် ၇တောင့်ခန့်
ကြက်သွန်မြိတ် ကြီးကြီး၂ချောင်း (၂လက်မစီအရှည်ခန့် လှီးထားပါ)
မြေပဲဆံ (သို့) သီဟိုစေ့ အနည်းငယ် (လက်တစ်ဆုတ်ခန့်)( အိမ်မှာ အဲ့၂ခုလုံး မရှိလို့ မထည့်ဖြစ်ပါ)
ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာခန့် chop လုပ်ထားပါ။ (အိမ်မှာတော့ Garlic paste အလွယ်တကူရှိလို့ အဲဒါပဲသုံးပါတယ်)
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်

Kung Pao sauce အတွက် အောက်ပါတို့ကို ဇလုံအသေးတစ်လုံးနဲ့ အဆင်သင့်စပ်ထားပါ။
ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း၁ဇွန်း
ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း၁ဇွန်း
သကြား လဖ္ဘက်စားဇွန်း၁ဇွန်း
ကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ဇွန်း
တရုတ်ဟင်းချက်ဝိုင် စားပွဲဇွန်း၁ဇွန်း
ကော်မှုန့် လဖ္ဘက်စား၁ဇွန်း
ဆီ စားပွဲဇွန်းတစ်ဇွန်း


ခရုဆီ လဖ္ဘက်စားဇွန်း၁ဇွန်း
ပထမဆုံး ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ မြေပဲ (သို့) သီဟိုစေ့တွေကို ကြွပ်နေအောင် မီးအေးအေးနဲ့ ကြော်ပြီး ဆယ်ထားပါ။
ကျန်တဲ့ ဆီထည့် ငရုပ်သီးခြောက်များ ကြော်ပြီး ဆယ်ထားပါ။
အဲဒီဆီထဲကိုပဲ ဂျင်းထည့် ၀က်သားထည့်ပြီး ကြော်ပါ။
ဝက်သားအနည်းငယ်ကြွပ်လာရင် ကြက်သွန်ဖြူထည့်ပြီး မွှေးနေအောင် ကြော်ပေးပါ။
ဝက်သားအရောင်ညိုပြီး ကြွပ်လာရင် ကြက်သွန်နီထည့်ပါ။
ကြက်သွန်နီ အနည်းငယ်နွမ်းလာရင် Kung Bao sauce ထည့်ပြီး မွှေပေးပါ။
ကြက်သွန်မြိတ်၊ ငရုပ်သီးခြောက်ကြော်ထားတာနဲ့ သီဟိုစေ့ကြော်ထားတာတို့ကိုထည့်မွှေပေးပါ။ အပေါ့အငံမြည်း၊ လိုတာထပ်ထည့်ပြီး ကြက်သွန်မြိတ်နွမ်းရင် ချလို့ရပါပြီ။





ချားလို့ရပါပြီ ... အဲလေ စားလို့ရပါပြီခင်ညာ။ ထုံးစံအတိုင်း ထမင်းဖြူလေးနဲ့ သူ့ချည်းလဲ ကောင်းတာပါပဲ ခင်ည။

 

Ref: TTSweet